Charlatans

Moises Naim, Quico Toro
  •  25 min
  •  Audio Available

ဒီစာအုပ်ဟာ ခေတ်သစ်လူလိမ်တွေ၊ အချောင်သမားတွေနဲ့ ဈေးကွက်ထိန်းချုပ်သူတွေက သူ တို့ရဲ့လွှမ်းမိုးမှု၊ ငွေကြေးနဲ့အာဏာတွေရဖို့အတွက် မီဒီယာစနစ်တွေ၊ ဈေးကွက်လှုံ့ဆော်မှုတွေနဲ့ လူသားတွေရဲ့စိတ်ပညာကို ဘယ်လိုမျိုးအသုံးချနေကြသလဲဆိုတာကို လေ့လာတင်ပြထားပါတယ်။ စာရေးသူက ဒီနေ့ခေတ် သတင်းအချက်အလက်ပတ်ဝန်းကျင်ဟာ လှည့်ဖြားမှုတွေကို ပိုပြီးချဲ့ထွင်ရ လွယ်ကူစေသလို ဖော်ထုတ်ဖို့လဲပိုခက်ခဲစေတယ်လို့ ဆိုထားပါတယ်။ ဆွဲဆောင်မှုရှိတဲ့ပုဂ္ဂိုလ်တွေက တာဝန်ယူမှုကို ရှောင်လွှဲရင်း သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချရသူတွေအဖြစ် ပေါ်လွင်အောင် အာရုံ စိုက်မှု၊ စိတ်ခံစားမှုနဲ့ ဇာတ်ကြောင်းတွေကို ဘယ်လိုလှည့်စားကြသလဲဆိုတာကို ပြသထားပါတယ်။

ဒီစာအုပ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနဲ့ လူမှုမီဒီယာတွေရဲ့ဉပမာဖြစ် ရပ်တွေကို လေ့လာပြီး လှည့်ဖြားမှုရဲ့ထပ်ခါတလဲလဲဖြစ်နေတဲ့ပုံံစံတွေကို ဖော်ထုတ်ပြထားပါတယ်။ စာရေးသူက လူလိမ်တွေ ရှင်သန်နေရတာဟာ သူတို့ရဲ့နည်းဗျူဟာတွေကြောင့်တင် မဟုတ်ဘဲ အဖွဲ့ အစည်းတွေနဲ့ ပရိသတ်တွေက အနှစ်သာရထက် အပေါ်ယံအခမ်းအနားတွေကို ပိုပြီးအလေးပေး နေကြတာ‌ကြောင့်ဖြစ်တယ်လို့ အလေးပေးပြောကြားထားပါတယ်။ ဒီစာအုပ်ဟာ ဖောင်းပွနေတဲ့ သတင်းမှားခေတ်မှာ လှည့်ဖြားမှုတွေကို ခွဲခြားသိမြင်နိုင်ဖို့နဲ့ လမ်းမှားမရောက်အောင် ခုခံနိုင်ဖို့အ တွက် စာဖတ်သူတွေကို စိတ်ပိုင်းဆိုင်ရာကိရိယာတွေ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။


    •         လူလိမ်ခံရလွယ်သူများ
    •         လူငယ်များ
    •         အသက်၆၀ကျော် လူကြီးများ


    •         လူလိမ်တွေ ဘယ်လိုလိမ်တယ်ဆိုတဲ့အကြောင်း
    •         လူလိမ်တွေရဲ့ချဉ်းကပ်နည်း‌ဗျူဟာများအကြောင်း
    •         လူလိမ်တွေဆီက ကာကွယ်ဖို့နည်းလမ်းများအကြောင်း