ကျွန်မတို့ဟာ အချိန်တော်တော်များများကို လူတွေနဲ့ဆက်ဆံပြောဆိုရင်း ကုန်ဆုံးနေကြတာဖြစ်ပေမဲ့ ၊ ဆက်ဆံပြောဆိုရေးမှာ အံ့သြစရာကောင်းလောက်အောင် ညံ့ဖျင်းနေကြတုန်းပါပဲ။ ဆက်ဆံပြောဆိုရေး ညံ့ဖျင်းတဲ့အတွက်ကြောင့် ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာဘဝမှာရော အလုပ်ခွင်မှာပါ အခက်ကြုံရလေ့ ရှိပါတယ်။ တစ်ဖက်လူရဲ့စကားကို နားထောင်ရာမှာ မကျွမ်းကျင်တာ ရှိသလို ၊ ပြောသင့်ပြောထိုက်တာတွေကို မှန်မှန်ကန်ကန် မပြောဆိုနိုင်တာတွေလည်း မကြာမကြာ ရှိနေပါတယ်။ နောက်ပြီး ၊ ဆက်ဆံပြောဆိုခြင်းဟာ မျက်နှာအမူအရာ တစ်ချက်ပြောင်းသွားတာကအစ လေသံတစ်ချက် ချော်သွားတာအဆုံး အလွဲအမှား အကြီးကြီးတွေကို ဖြစ်စေတတ်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ ကျွန်မတို့ဟာ ဆက်ဆံပြောဆိုရေးကောင်းမွန်ဖို့ သင်ယူနိုင်ပါတယ်။ ဒီစာအုပ်က ဒီအတွက် လိုအပ်တဲ့အချက်အလက်တွေကို သင်ကြားပေးဖို့ ရေးသားထားခြင်းဖြစ်ပါတယ်။ ရှင်းလင်းသေချာတဲ့ အဆင့် ၁၂ ဆင့်ကို ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ကျွန်မတို့ဟာ စကားဝိုင်းတစ်ခုကိုစတင်ဖို့ ပြင်ဆင်နည်းအကြောင်း၊ စကားပြောဆိုရာမှာ ပိုပြီးအာရုံစိုက်ဖို့နဲ့ ရိုးသားပွင့်လင်းဖို့အကြောင်း၊ နောက်ပြီး ယုံကြည်မှုနဲ့ နားလည်မှုကို ကိုယ်စားပြုတဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးပုံအကြောင်းတို့ကို ကျွမ်းကျင် တတ်မြောက်သွားမှာ ဖြစ်ပါတယ်။
No New Notifications