ကျွန်မတို့နှုတ်က ပြောလိုက်တဲ့စကားလုံးတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်က ဆက်ဆံရေးပုံစံ အမျိုးမျိုးကို အခြေတည်ပျိုးထောင်ပေးပါတယ်။ စကားလုံးတွေဟာ ယုံကြည်မှုကို တည်ဆောက် ပေးနိုင်ပြီး ရိုးသားပွင့်လင်းမှုကို ဖော်ပြနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီစကားလုံးတွေကပဲ သဘောထား မညီညွှတ်မှုတွေကို ဖြစ်ပွားစေနိုင်ပြန်ပါတယ်။
တစ်ခါတလေမှာ ကျွန်မတို့ရဲ့ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ ပြောဆို ဆက်ဆံကြတဲ့အခါ တစ်ဖက်လူကို အထိနာစေမဲ့စကားတွေပဲ ရွေးချယ်သုံးနှုန်းမိတာမျိုး ရှိတတ်ပါတယ်။ တမင်ရည်ရွယ်ပြီး နာကျင်စေတာ မဟုတ်ပေမဲ့၊ ကျွန်မတို့ဟာ ခံစားချက်တွေကို တုံ့ပြန်ဖော်ပြတဲ့အခါမှာ တစ်ဖက်လူရဲ့ပျော့ကွက်ကိုမှ နင်းပြောနေတတ်တာက သဘာဝတစ်ခုလိုဖြစ်နေတာပါ။ ဒီလိုဆိုတော့ ကျွန်မတို့အနေနဲ့ တစ်ဖက်သားရဲ့ခံစားချက်တွေကို မနာကျင်စေဘဲ ဘယ်လိုပြောဆို ဆက်ဆံကြမလဲ။ ဒီမေးခွန်းရဲ့အဖြေကို ငြိမ်းချမ်းသောဆက်သွယ်ပြောဆိုခြင်း (nonviolent communication, or NVC) နည်းလမ်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ငြိမ်းချမ်းစွာဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် ဘာတွေ လိုအပ်မလဲ၊ ဘယ်နည်းလမ်းတွေကို အသုံးပြုလို့ ရမလဲဆိုတာ ဒီစာအုပ်မှာ မှတ်သားရပါလိမ့်မယ်။
No New Notifications