The Three Value Conversations

Conrad Smith, Tim Riesterer, Erik Peterson, Cheryl Geoffrion
  •  25 min
  •  Audio Available

ယနေ့ခတ်ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အရောင်းအဝယ် လောကကြီးမှာ အောင်မြင်မှုတစ်ခု အရယူ နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲ။ ကျွန်မတို့ ပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင် လိုတာထက် ပိုများနေတဲ့ စုံစီနဖာ သတင်းအချက်အလက်တွေ၊ အရောင်းသမားတွေရဲ့ အပြိုင်အဆိုင် မက်လုံးပေး နေကြတဲ့ ကြော်ငြာသွေးဆောင်မှုတွေကို ဆိုင်ရတဲ့အပြင် ကိုယ် ဝယ်လိုက်တဲ့ပစ္စည်းက အမျိုးအစား ညံ့နေမှာမျိုး၊ ဈေးများ နေမှာမျိုးတွေကို ပူပန်နေရပါသေးတယ်။ ဒီအချိန်မှာ အရောင်းသမားတွေကတော့ စီစီညံနေတဲ့ အပြိုင်အဆိုင်တွေကြား အသံတစ်သံ ဖောက်ထွက်နိုင်ဖို့ ကြိုးစားနေရတာပေါ့။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် သက်ဆိုင်တဲ့သူတွေနဲ့ စကားပြောပေးဖို့ လိုပါလိမ့်မယ်။ ဒီလို စကားဝိုင်းကို အမျိုးအစားသုံးမျိုး ခွဲခြားထားပါတယ်။

ဒီအကျဉ်းချုပ်ထဲမှာ စကားဝိုင်းသုံးခုကို ဖတ်ရှုရပါမယ်။

ပထမဆုံးအနေနဲ့ ဝယ်သူဘက်က ယူဆချက်အမျိုးမျိုး ပေါ်ထွက်လာအောင် တူးဆွပေးနိုင် ရပါမယ်၊ ဒီပစ္စည်းကို ဝယ်အပြီး ကြုံလာရ နိုင်တဲ့ အကျအရှုံးတွေကိုလဲ ထုတ်ပြဆွေးနွေးပေးရပါမယ်၊ ဝယ်သူ သတိမထားမိနိုင်လောက်တဲ့ လိုအပ်ချက်တွေကို သင့်ဘက်က ဖော်ပြပေးနိုင်ရပါမယ်။

နောက်တစ်ဆင့်အနေနဲ့ လုပ်ငန်းကနေ ထွက်လာနိုင်တဲ့ရလဒ်ကို တိုင်းတာသတ်မှတ်ပြီး ကျွမ်းကျင်တဲ့အမှုဆောင်အဝယ်တော်များနဲ့ ဆွေးနွေးအဖြေရှာရင်း သင့်ကုန်ပစ္စည်းကို အဆင့်မြှင့်နိုင်မဲ့ နည်းလမ်းတွေ ပါရှိပါမယ်။

နောက်ဆုံးမှာတော့ အမြတ်အစွန်းတွေ လျော့မသွားအောင် ကာကွယ်ရင်း၊ ရောင်းသူဝယ်သူ အခြေအနေတွေ တင်းမာလာတဲ့အခါ စီမံခန့်ခွဲပုံနည်းလမ်း နဲ့ လုပ်ငန်းကတိကဝတ်တွေ တည်မြဲအောင် ထိန်းသိမ်းနိုင်ဖို့နည်းလမ်း တို့ကို လေ့လာမှတ်သားရမှာ ဖြစ်ပါတယ်။  


    •          အရောင်းအဝယ် ကိစ္စတွေကို စိတ်ဝင်စားသူများ
    •          မိမိထုတ်ကုန်ကို ရောင်းအား ကောင်းချင်သူများ
    •          စီးပွါးရေးလုပ်ငန်း လု်ပဖို့ စတင်ကြံရွယ်နေသူများ


    •          အရောင်းကုမ္ပဏီ‌တွေ အလိုရှိတဲ့ အရောင်းသမားတစ်ယောက်ရဲ့အရည်အချင်းအကြောင်း
    •          သင့်ထုတ်ကုန်ကို ဝယ်သူတွေ အာရုံစိုက်လာအောင် လုပ်နည်း အကြောင်း
    •          သင့်ထုတ်ကုန်ကို တန်ဖိုး မြင့်တက်အောင် လုပ်နည်းအကြောင်း
    •          သင် မျှော်မှန်းထားတဲ့အတိုင်း အကျိုးအမြတ်ရအောင် ရောင်းနည်း အကြောင်း။