The Comfort Crisis

Michael Easter
  •  35 min
  •  Audio Available

ဒီစာအုပ်က ခေတ်သစ်လူနေမှုဘဝဟာ သိပ်ကိုသက်တောင့်သက်သာဖြစ်လွန်းနေပြီလို့ ဆို ထားပြီး လူသားတွေရဲ့ခံနိုင်ရည်စွမ်း၊ အဓိပ္ပာယ်ရှိမှုနဲ့ စိတ်ကျေနပ်မှုတွေကို သုံးသပ်ပြထားပါတယ်။ မသက်မသာဖြစ်မှုကို တတ်နိုင်သ‌လောက် ရှောင်ရှားကြခြင်းအားဖြင့် ကျွန်မတို့ဟာ ကိုယ့်ရဲ့မူလသ ဘာဝကို စွန့်လွှတ်လိုက်ရသလို ကိုယ့်ရဲ့တိုးတက်ကြီးထွားမှုတွေကို တားဆီးလိုက်သလို ဖြစ်သွားတတ် ပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလဲ အားနည်းစေပါတယ်။ စာရေးသူက ရည်ရွယ်ချက်ရှိရှိနဲ့ မသက်မသာဖြစ်အောင်လုပ်ခြင်း၊ စွန့်စားခြင်း၊ အဆာခံခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နဲ့ တစ်ကိုယ်တည်းနေခြင်းတွေကတစ်ဆင့် ဘဝကို ဘယ်လိုပြန်လည်မျှတစေပြီး ကျွန်မတို့ရဲ့ မူလသ ဘာဝခွန်အားနဲ့ ပျော်ရွှင်မှုကို ပြန်လည်ရယူနိုင်ပုံကို လေ့လာဆန်းစစ်ပြထားပါတယ်။

သူကိုယ်တိုင် အလက်စကာတောနက်ထဲမှာ ၃၃ ရက်ကြာ အမဲလိုက်ခရီးထွက်ခဲ့ပြီး အဲ့ဒီခရီး ကနေရရှိခဲ့တဲ့သင်ခန်းစာတွေကို သုတေသန၊ ဒဿနိကဗေဒနဲ့ ကိုယ်တွေ့အတွေ့အကြုံတွေနဲ့ သိပ္ပံ နည်းကျပေါင်းစပ်ကာ သက်တောင့်သက်သာနေတာကနေ ရုန်းထွက်မှသာ ကြီးထွားတိုးတက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ အနှစ်ချုပ်အားဖြင့် ဒီစာအုပ်ဟာ လွယ်ကူမှုကို စွဲလမ်း နေတဲ့ကမ္ဘာမှာ ပိုပြီးရည်ရွယ်ချက်ရှိရှိနေထိုင်ဖို့နဲ့ စိန်ခေါ်မှုတွေကို လက်ခံပြီး ဘဝရဲ့ပြည့်စုံမှု၊ ရည်ရွယ် ချက်နဲ့ စစ်မှန်မှုတို့ကို ရှာဖွေဖို့အတွက် ကြေညာချက်တစ်ခုပဲ ဖြစ်ပါတယ်။


    •         လူကြီးများ
    •         နေ့စဉ်စိတ်ညစ်နေရသူများ
    •         စိတ်ညစ်တိုင်း အစားစားတတ်သူများ


    •         ဘာကြောင့် သက်သောင့်သက်သာရှိရှိမနေသင့်တဲ့အကြောင်း
    •         ဘဝကို သင့်တင့်မျှတအောင် လုပ်သင့်တဲ့နည်းလမ်းတွေအကြောင်း
    •         အရင်ခေတ်နဲ့အခုခေတ်ကွာခြားမှုကြောင့် ဖြစ်ပေါ်လာတဲ့သက်ရောက်မှုအကြောင်း