The Argument Hangover

Jocelyn Freeman and Aaron Freeman
  •  25 min
  •  Audio Available

တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်ငြင်းခုံပြီးချိန်မှာ နောက်ဆက်တွဲအနေနဲ့ ကပ်ပါလာတတ်တဲ့ စိတ်မသက်မသာဖြစ်မှုကို သင်လည်း ကြုံဖူးပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ဒီနောက်ဆက်တွဲက တကယ့် ရန်ပွဲ ထက်တောင် ပိုဆိုးသလို ခံစားရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခံစားမှုက ရက်ပေါင်းများစွာကြာ ရှိနေနိုင်ပြီး သင့်စိတ်ကို မပြတ်ဒုက္ခပေးနေနိုင်လို့ပါ။ သင်ကိုယ်တိုင်ရော တစ်ဖက်လူရော စိတ်မကောင်း ဖြစ်နေရပေမဲ့ ဒီဝဲဂယက်ထဲကနေ ဘယ်လိုရုန်းထွက်ရမလဲ ဆိုတာကို သေသေချာချာ မသိနိုင်သေးတဲ့ အခြေ အနေပေါ့။ ဒီအခြေအနေဟာ “ရန်ဖြစ်ငြင်းခုံပြီးချိန် လက်ကျန်စိတ်ဝေဒနာကာလ” ပဲ ဖြစ်ပါတယ်။

ချစ်သူစုံတွဲတိုင်း သဘောထားကွဲလွဲမှုတွေ ဖြစ်တဲ့အခါ ရန်ဖြစ်ငြင်းခုံကြပါတယ်။ ရန်ဖြစ်တာကို လူအများစုက မကောင်းတဲ့ကိစ္စလို့ ယူဆကြတာဟာလည်း ကျိုးကြောင်းသင့်လျော်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခတိုင်းက ဆိုးရွားမှုဆီကိုပဲ ဦးတည်နေတာ မဟုတ်ပါဘူး။

စာရေးသူတို့ စုံတွဲ (Jocelyn နဲ့ Aaron Freeman) ဟာ သူတို့နှစ်ဦးကြားဖြစ်ပွားတဲ့ သဘောထား မတိုက်ဆိုင်မှုတွေ၊ ပဋိပက္ခတွေကနေ သင်ယူစရာတွေရှိနေကြောင်း နားလည်သဘောပေါက်ခဲ့ကြပါတယ်။ ဒီလို သင်ယူလေ့လာရင်း နှစ်ဦးကြားက ဆက်ဆံရေးဟာ အရင်ထက် ပိုမိုခိုင်မြဲ နီးစပ်လာနိုင်ကြောင်းကိုလည်း ကိုယ်တွေ့ သိခဲ့ရပါတယ်။ သူတို့နှစ်ဦး ရန်ဖြစ်ငြင်းခုံအပြီး ခံစားရတဲ့ ဝေဒနာတွေနေတစ်ဆင့် ဘာကို ဘယ်လို သင်ယူကြသလဲ ဆိုတဲ့လျှို့ဝှက်ချက်ကို ဒီစာအုပ်မှာ သင် ဖတ်ရှုမှတ်သားရပါမှာပါ။

ဒီစာအုပ်ကိုဖတ်အပြီး လက်တွေ့အသုံးချနိုင်ဖို့ ရည်ရွယ်ပေမဲ့ ချစ်သူကောင်လေး/ကောင်မလေးနဲ့ ရန်ဖြစ်စကားများမဲ့အချိန်ကို ထိုင်စောင့်နေရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ မတော်တဆ ငြင်းခုံမှုတွေ ရှိလာတဲ့အခါ အဲ့ဒီစိတ်မကောင်းစရာဖြစ်ရပ်ကို အနာဂတ်ထိ တာရှည်ဆွဲမသွားမိစေဖို့နဲ့ အကောင်းဘက်ကို ပြောင်းလဲအသုံးချဖို့အတွက် ဒီစာအုပ်က ကျွန်မတို့ ကူညီပေးနိုင်လောက်မယ် ထင်ပါတယ်။

    • အိမ်ထောင်ရေး သာယာချမ်းမြေ့ချင်သူများ
    • ဆက်ဆံရေးတစ်ခုကို တည်မြဲလိုသူများ
    • ကိုယ့်စိတ်ထဲမှာ စွဲမြဲနေတဲ့ စိတ်ဒဏ်ရာတွေကို နားလည်လက်ခံလိုသူများ

    • မိမိရဲ့ ခံစားချက်တွေကို နားလည်အောင်လုပ်နည်း အကြောင်း
    • ရန်ပွဲစတင်တော့မယ်ဆိုရင် ဆက်မဖြစ်အောင် ပြင်ဆင်နည်းအကြောင်း
    • ရန်ပွဲဖြစ်ပြီးနောက် ဆက်ဆံရေးကို အမြန်ဆုံးပြန်လည်သင့်မြတ်စေမဲ့ နည်းလမ်းတွေအကြောင်း။