ဒီစာအုပ်မှာ စာရေးသူက ခေတ်သစ်နေထိုင်မှုပုံစံတွေကြောင့် လူတွေရဲ့မျက်နှာတည်ဆောက် ပုံ၊ အထူးသဖြင့် မေးရိုးဖွံ့ဖြိုးမှုက ဘယ်လိုဆိုးဆိုးရွားရွားပြောင်းလဲသွားလဲဆိုတာကို ဖော်ထုတ်ပြထား တာဖြစ်ပါတယ်။ သွားတွေမညီညာတာ၊ အိပ်နေရင်းအသက်ရှူရခက်တာနဲ့ အခြားအသက်ရှူလမ်း ကြောင်းဆိုင်ရာပြဿနာတွေဟာ မျိုးရိုးဗီဇကြောင့်မဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့အလေ့အကျင့်တွေ ပြောင်းလဲသွားလို့ ဖြစ်လာရတာပါလို့ စာရေးသူက အခိုင်အမာပြောထားပါတယ်။ မေးရိုးတွေရဲ့ဆင့် ကဲပြောင်းလဲလာတဲ့သမိုင်းကြောင်းကို လေ့လာပြီး အစားအသောက်၊ ကိုယ်နေဟန်ထားနဲ့အသက်ရှူ ပုံတွေက မျက်နှာကြီးထွားမှုနဲ့ ဘက်စုံကျန်းမာရေးကို ဘယ်လိုပုံဖော်တယ်ဆိုတာကို ပြသထားတာပါ။ ပျော့တဲ့အစားအသောက်တွေစားတာ၊ ပါးစပ်နဲ့အသက်ရှူတာနဲ့ သွားနဲ့ပါးစပ်ထားရှိပုံမမှန်တာလိုမျိုး ခေတ်သစ်အလေ့အကျင့်တွေက နှစ်ပေါင်းထောင်ချီကြာအောင် ပြောင်းလဲလာတဲ့ သဘာဝကြီးထွားမှု ပုံစံတွေကို ပျက်စီးစေတယ်ဆိုတာကို စာဖတ်သူတွေ သတိထားမိအောင် ချပြထားပါတယ်။ သိပ္ပံနည်း ကျအချက်အလက်တွေနဲ့ လက်တွေ့ကျတဲ့အကြံဉာဏ်တွေကို ပေးပြီးတော့ အကောင်းဆုံးမေးရိုးဖွံ့ဖြိုး မှုနဲ့ ဘက်စုံကျန်းမာရေးကို အထောက်အကူပြုမယ့်သဘာဝအလေ့အကျင့်တွေဆီ ပြန်သွားဖို့ကို အား ပေးထားတဲ့စာအုပ်လေးပဲ ဖြစ်ပါတယ်။
No New Notifications