လူ့အဖွဲ့အစည်းဟာ အမျိုးသမီးအခွင့်အရေးတွေကို အမျိုးသားတွေရဲ့နောက်မှာသာထားပြီး ဆက်ဆံတဲ့ပုံစံကို အချိန်ကြာမြင့်စွာ ကျင့်သုံးလာခဲ့ကြပါတယ်။ ဒီပုံစံဟာ အမျိုးသားတွေက အမျိုး သမီးတွေကို ထိန်းချုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အာဏာရှင်ဆန်ဆန်အတွေးအခေါ်ကနေ ဖြစ်ပေါ်လာ တာဖြစ်ပါတယ်။ ဒီပုံစံက အမျိုးသမီးတွေအပေါ် အတင့်ရဲစွာစကားပြောဆိုတာ၊ မုဒိန်းမှုနဲ့ လူသတ်မှု လို အကြမ်းဖက်မှုတွေပြုလုပ်တာ စသဖြင့် နည်းမျိုးစုံကိုဖြစ်ပေါ်လာစေပါတယ်။ ဒီစာအုပ်မှာ အမျိုးသ မီးတွေကြုံတွေ့ရတဲ့ အကြမ်းဖက်မှုစာရင်းအင်းနဲ့ဥပမာတွေ၊ လိင်အကြမ်းဖက်ဝါဒနဲ့ အမျိုးသမီးမုန်း တီးရေးဝါဒတို့ နောက်ကွယ်ကအတွေးအခေါ်နဲ့ ဒီအတွေးအခေါ်က တစ်ဦးချင်း၊ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာ့အမြင်တွေအပေါ် ဘယ်လိုသက်ရောက်နေသလဲဆိုတဲ့အကြောင်းတွေကို စာရေးသူက ဆွေးနွေး တင်ပြထားတာဖြစ်ပါတယ်။
No New Notifications