အလုပ်ခွင်၊ မိသားစုနဲ့ အချစ်ရေး စတဲ့ ဘဝနယ်ပယ်အသီးသီးမှာ သင်ဟာ စရိုက်အမျိုးမျိုး ရှိတဲ့လူတွေနဲ့ တစ်ကွေ့မဟုတ်တစ်ကွေ့ ကြုံတွေ့ရပါလိမ့်မယ်။ ဘယ်လိုလူတွေလဲဆိုတော့ သင့်နောက်ကွယ်မှာ သင့်မကောင်းကြောင်း ပြောနေတဲ့လုပ်ဖော်ကိုင်ဖက်၊ သင့်ကို အပြစ်ရှိသူလို ခံစားရအောင်လုပ်နေတဲ့ မိသားစုဝင်၊ ပြဿနာက သင့်ကြောင့်ပါလို့ ခံစားရအောင် စကားလုံးတွေနဲ့ လိမ်ညာလှည့်စားနေတဲ့ချစ်သူ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုလူတွေ နေရာတိုင်းမှာ ရှိနိုင် ပါတယ်။
ဒီလိုလူတွေက သူတို့ရဲ့သရုပ်အမှန်ကို ဖုံးကွယ်တဲ့နေရာမှာ တကယ်တော်ကြပါတယ်။ အခြားလူတွေကို လိမ်ညာလှည့်စားနိုင်ကြပါတယ်။ သူတို့ရဲ့ ဖျက်ဆီးတတ်တဲ့နည်းဗျုဟာတွေနဲ့ သင်ကိုယ်တိုင် ကြုံတွေ့ဖူးတယ်ဆိုရင် သူတို့တွေက သင့်ဘဝကို ဘယ်လောက်ထိ မတည်ငြိမ်အောင် လုပ်နိုင်သလဲ ဆိုတာ သိပါလိမ့်မယ်။ ဒါပေမဲ့ သင့်အတွက် သတင်းကောင်းတစ်ခုကတော့၊ လောကမှာ လူ ၈၀ - ၉၀ ရာခိုင်နှုန်းလောက်က ယုံကြည်လို့ရသူတွေ ဖြစ်ပြီး၊ သူတို့ရဲ့အပြုအမူတွေကို ကြိုတင် ခန့်မှန်းလို့ ရနိုင်ပါတယ်။ သတင်းဆိုးကတော့ ကျန်ရှိနေတဲ့လူနည်းစုထဲမှာ သင့်ရဲ့အလုပ်အကိုင်၊ သင့်စီးပွားရေး၊ သင့်ကျန်းမာရေးကို ပျက်စီးစေနိုင်တဲ့ လူအမျိုးအစား ၅ မျိုး ပါဝင်နေခြင်းပါပဲ။
No New Notifications