Sell Like A Spy

Jeremy Hurewitz
  •  26 min
  •  Audio Available

ဒီစာအုပ်ဟာ သူလျှိုလောကနဲ့ အရောင်းလောကကြားက မထင်မှတ်ထားတဲ့ တူညီချက်တွေ ကို ဖော်ပြပေးထားတဲ့စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ထောက်လှမ်းရေးကျွမ်းကျင်ပညာရှင်ဟောင်း ဖြစ်သူ ဂျရမီဟူရီဝစ်ဇ် (Jeremy Hurewitz) က သူလျှိုတွေအသုံးပြုတဲ့ ယုံကြည်မှုတည်ဆောက်ခြင်း၊ အချက်အလက် ထုတ်ဖော်ခြင်း၊ ဆက်ဆံရေးထိန်းသိမ်းခြင်းနဲ့ စည်းစနစ်ကျခြင်းတို့လို စွမ်းရည်တွေ ဟာ ကုန်ပစ္စည်းဝယ်ယူသူတွေရရှိဖို့နဲ့ အရောင်းအဝယ်ဖြစ်နိုင်ဖို့အတွက် တိုက်ရိုက်အသုံးပြုနိုင်တယ် ဆိုတာကို ပြသခဲ့ပါတယ်။

အချို့ရောင်းသူတွေလို ပြင်းထန်တဲ့နည်းလမ်းတွေကို အားကိုးမယ့်အစား အောင်မြင်တဲ့ရောင်း ချမှုဆိုတာ သိမ်မွေ့တဲ့လွှမ်းမိုးမှု၊ အကဲခတ်လေ့လာမှုနဲ့ သေချာပြင်ဆင်မှုတွေအပေါ်မှာ မူတည်တယ် လို့ သူကဆိုပါတယ်။ ဒီစာအုပ်က လူသားတို့ရဲ့ စိတ်ပညာ၊ ဆက်ဆံရေးကောင်းမွန်မှုနဲ့ ရိုးသားမှုတို့ကို ထိရောက်တဲ့စည်းရုံးမှုရဲ့အခြေခံအုတ်မြစ်အဖြစ် အလေးထားဖော်ပြထားပါတယ်။ နောက်ဆုံးမှာတော့ Hurewitzက သူလျှိုရဲ့နည်းလမ်းတွေကို လက်ခံကျင့်သုံးမယ်ဆိုရင် ပညာရှင်တွေဟာ အကဲခတ်လေ့ လာခြင်း၊ ဆင်ခြင်တုံတရားရှိခြင်းနဲ့ ယုံကြည်မှုတို့ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး ပညာရှင်ဆန်ဆန် ရောင်းချလာနိုင်မှာဖြစ်တယ်လို့ ပြောထားပါတယ်။


    •         အရောင်းလောကမှလူများ
    •         လုပ်ငန်းရှင်များ
    •         ဝန်ဆောင်မှုပေးသူများ


    •         သူလျှိုလုပ်ငန်းစဉ်များနဲ့ အရောင်းလောက ဘယ်လိုဆက်စပ်နေတဲ့အကြောင်း
    •         ရောင်းတယ်ဆိုတာ စိတ်ရှည်သည်းခံတတ်ဖို့လိုတဲ့အကြောင်း
    •         ရောင်းတဲ့နေရာမှာ စကားဖြတ်မပြောဘဲ နားပဲထောင်နေတတ်ဖို့ကလဲအရေးပါတဲ့အကြောင်း