နေ့စဉ်လူမှုဘဝရဲ့ အလုပ်တွေကြားမှာ စိတ်မသက်မသာ ဖြစ်စေတဲ့အလုပ်တွေ၊ စိတ်ညစ်စရာ ကောင်းတဲ့အလုပ်တွေကို အချိန်ဆွဲတတ်တာ၊ ရှောင်ဖယ်တတ်တာဟာ လူ့သဘာဝတစ်ခုပါ။ ဒါပေမဲ့၊ ဒီနည်းလမ်းတွေက တကယ်ရော အကျိုးထိရောက်မှု ရှိရဲ့လား။ လုပ်စရာ အလုပ်တွေကို ကြည့်ရင်း “ ငါ ဒါတွေကို ပြီးရော ပြီးအုံးမှာလား” ဆိုတဲ့သံသယစိတ်နဲ့ ရှင်သန်နေရပါသလား။ ဒါဆိုရင်တော့ ဒီစာအုပ်က သင့်ကို အများကြီး လမ်းညွှန်ပေးနိုင်ပါတယ်။ စိတ်မသက်မသာ ဖြစ်စေတဲ့အလုပ်တွေကို ရှောင်ဖယ်နေတာတွေ ရပ်လိုက်ပါ။ အဲဒီအစား စိတ်မသက်မသာခံစားချက်တွေကို တိုက်ရိုက်ရင်ဆိုင် ပါ။ သင့်စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ သင် သိဖို့ လိုအပ်တဲ့အရာတွေကို ရှောင်နေတာတွေ ရပ်လိုက်ပါ။ သင့်ရဲ့အမြင့်ဆုံးတန်ဖိုးထားမှုတွေနဲ့ ကိုက်ညီတဲ့လုပ်ဆောင်မှုတွေကို တစိုက်မတ်မတ် စနစ်တကျ စတင်လုပ်ဆောင်ပါ။
No New Notifications