ကုမ္ပဏီတွေဟာ ရေတို အမြတ်အစွန်း ရဖို့နဲ့ ကုန်ကျစရိတ် လျှော့ချဖို့ကိုပဲ ဦးစားပေးလွန်းတဲ့အခါ စွန့်စားပြီး စမ်းသပ်တာတွေကို မလုပ်ရဲကြတော့ပါဘူး။ ဒါက တီထွင်ဖန်တီးမှုကို ပျောက်ဆုံးသွားစေပါ တယ်။ ဒီစာအုပ်ရဲ့ အရေးပါတဲ့ အခန်းတစ်ခုမှာ "တီထွင်ဆန်းသစ်မှု ပြဇာတ်" (innovation theater) အကြောင်း ဆွေးနွေးထားပါတယ်။ အဓိပ္ပါယ်ကတော့ ကုမ္ပဏီကြီးတွေဟာ တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေ မလုပ်ဘဲ၊ တီထွင်ဖန်တီးသယောင် ဟန်ဆောင်ပြနေတာမျိုးကို ဆိုလိုတာပါ။ စစ်မှန်တဲ့ ဆန်းသစ်မှုဆိုတာဟာ ဝယ်ယူသူတွေအတွက် အပြောင်းအလဲဖြစ်ဖို့ နက်နက်နဲနဲ ကတိပြုခြင်းဖြစ်တဲ့အပြင် ၊ ကုမ္ပဏီတွေအနေနဲ့ မရေရာမှုတွေ၊ ကျရှုံးမှုတွေကိုလည်း လက်ခံရဲတဲ့စိတ် ရှိဖို့ လိုအပ်ပါတယ်။
No New Notifications